#缅甸资讯 #德昂军 发布 政府军使用毒气弹对德昂军发动袭击 造成10德昂军士兵受伤,其中4人伤势严重!
#缅甸资讯 #德昂军 发布 政府军使用毒气弹对德昂军发动袭击 造成10德昂军士兵受伤,其中4人伤势严重! 原文: စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်ခဲ့ တအာင်းပြည်၊ ဖေဖော်ဝါရီလ ၂၄ရက် တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ၊ နောင်ချိုမြိုနယ်၊ တောင်ရှည်ရွာနှင့် မန်မော်ကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို ဖေဖော်ဝါရီလ (၂၃)ရက်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားချိန် နေ့လယ် (၁း၃၀)နာရီတွင် အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်ခဲ့သည်။ ထိုအဆိပ်ငွေ့ဗုံးကြောင့် မိမိတို TNLAတပ်သား (၁၀)ဦး ထိခိုက်ဒဏ်ရာရပြီး (၄)ဦးတို ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။ မိမိတို TNLAတပ်သားများသည် မူးဝေခြင်း၊ အသက်ရှုမြန်ဆန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ စိတ်လှုပ်ရှား မြန်ဆန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျကာ ဝေဒနာခံစားရပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေရပါသည်။ စစ်ကောင်စီတပ်သည် တိုက်ပွဲကာလအတွင်း နိုင်ငံတကာတားမြစ်သည့်အဆိပ်ငွေ့ဗုံးကို အသုံးပြုကာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေပါသည်။ ထိုပြင်ယခုလအတွင်း အရပ်သားပြည်သူလူထုအား ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းဗုံးကြဲမှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား (၇)ဦးသေဆုံးပြီး (၁၅)ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါသည်။ နောင်ချိုပြည်သူ့ဆေးရုံ၊ ဘုန်းကြီးကျောင်းဆောင်နှင့် ပြည်သူနေအိမ် (၁၁) ထိမှန် ပျက်စီးသွားခဲ့သည်။ PSLF/TNLA သတငးနှင့်ပြန်ကြားရေးဌာန 欢迎订阅越南大事件频道 ↓ t.me/+84462vB88AFmMGNl 欢迎投稿爆料:@LKEEGsir
在Telegram中查看相关推荐

🔍 发送关键词来寻找群组、频道或视频。
启动SOSO机器人